စဉ် အကြောင်းအရာ အရေအတွက်
1 Elected State Hluttaw Representative 92 ဦး
2 Ethnic group representative 7 ဦး
3 Military representative state hluttaw 33 ဦး

Third Term Shan Hluttaw Organizational Chart



ရှမ်းပြည်နယ်လွှတ်တော်

  ဖွဲ့စည်းမှု

၁။  ရှမ်းပြည်နယ်လွှတ်တော်ကို ၂၀၀၈ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၆၁ ပါ ပြဋ္ဌာန်းချက်များနှင့်အညီ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် (၁၃၂)ဦးဖြင့် အောက်ပါအတိုင်း ဖွဲ့စည်းပါသည်-

(က) မဲအများဆုံးသူအနိုင်ယူစနစ်ဖြင့် ရွေးကောက်တင်မြှောက်သည့် မြို့နယ်(၃၈)မြို့နယ်အတွက် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် (၃၈)ဦး၊ အချိုးကျကိုယ်စားပြုစနစ်ဖြင့် ရွေးကောက်တင်မြှောက်သည့် မြို့နယ်များကို စုစည်းထားသည့် မဲဆန္ဒနယ်(၆)ခု၊ မြို့နယ်(၅၄)မြို့နယ်အတွက် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်(၅၄)ဦး၊ စုစုပေါင်း ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် (၉၂)ဦး၊

(ခ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စုရရှိပြီးသော တိုင်းရင်းသားလူမျိုးများမှအပ ကျန်တိုင်းရင်းသား လူမျိုးအသီးသီးက လူမျိုးတစ်မျိုးလျှင် တစ်ဦးကျစီ ရွေးကောက်တင်မြှောက်သည့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်(၇)ဦး၊

(ဂ) အပိုဒ်(က) နှင့် အပိုဒ်(ခ)တို့အရ ရွေးကောက်တင်မြှောက်သည့် လွှတ်တော် ကိုယ်စားလှယ်စုစုပေါင်း၏ သုံးပုံတစ်ပုံနှင့်ညီမျှသော တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဥပဒေနှင့်အညီ အမည်စာရင်းတင်သွင်းသည့် တပ်မတော်သားပြည်နယ် လွှတ်တော်ကိုယ်စားလှယ် (၃၃)ဦး။

 

၂။        ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

                   

(က) U Sai Lon Kyaw (Pekhon Township (PR)) - Speaker

(ခ) U Sai Tun Sein (Mongping Township (FPTP)) - Deputy Speaker

 

လုပ်ငန်းတာဝန်များ

         ရှမ်းပြည်နယ်လွှတ်တော် လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

(က)    ရွေးကောက်တင်မြှောက်ခြင်း၊

(ခ )    ပြည်သူလူထုကို ကိုယ်စားပြုခြင်း၊

(ဂ )    ဥပဒေပြုခြင်း၊

 (ဃ)   အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးဆိုင်ရာ အဖွဲ့အစည်းများ၏ ဆောင်ရွက်ချက်များကို အပြန်အလှန်ထိန်းညှိခြင်း။

 

ရည်ရွယ်ချက်များ

          ရည်ရွယ်ချက်များမှာ အောက်ပါအတိုင်း ဖြစ်သည်-

(က)    ပြည်နယ်ဥပဒေပြုရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်၊

(ခ )    ပြည်နယ်အတွင်းရှိ  ပြည်သူများ၏ လိုလားတောင့်တချက်များနှင့် ပိုမိုကောင်းမွန်သော လူမှုဘဝအဆင့်အတန်း ရရှိစေရန်၊

(ဂ )    ပြည်နယ်အတွင်းရှိ   ပြည်သူများအတွက်   ထိရောက်သော   ကိုယ်စားပြုခြင်းများ ဆောင်ရွက်နိုင်စေရန်၊

(ဃ)    ပြည်နယ်လွှတ်တော်ကို ဒီမိုကရေစီစနစ်နှင့်အညီ ပြုပြင်ပြောင်းလဲမှုများ ဖော် ဆောင်နေသော အဖွဲ့အစည်းတစ်ရပ်အဖြစ် တန်ဖိုး ထားကြစေရန်၊

 

မူဝါဒ

   ရှမ်းပြည်နယ်လွှတ်တော်ကို ပြည်သူများက ဥပဒေပြုရေး၊ ကိုယ်စားပြုရေးနှင့် စောင့်ကြည့်လေ့လာထိန်းကျောင်းရေးဆိုင်ရာ ထိရောက်မှု ရှိသော ဒီမိုကရေစီပြုပြင်ပြောင်းလဲမှု ဆောင်ရွက်သောအဖွဲ့အစည်းတစ်ရပ်အဖြစ် တန်ဖိုးထားကြရာ ရှမ်းပြည်နယ်လွှတ်တော်အနေဖြင့် ပြည်သူများ၏ လိုလားတောင့်တချက်များနှင့် ပိုမိုကောင်းမွန်သော လူနေမှုဘဝအဆင့်အတန်းရရှိရန် မျှော်မှန်းချက်များကို ဖြည့်ဆည်းနိုင်ရေး မူဝါဒများ ချမှတ်ဆောင်ရွက်လျက် ရှိပါသည်။

 

 ရည်မှန်းချက်

  ရှမ်းပြည်နယ်လွှတ်တော်သည် ဖွဲ့စည်းပုံအခြေခံဥပဒေအရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်အာဏာကို အပြည့်အဝအသုံးချပြီး နိုင်ငံသား အားလုံးက လိုလားတောင့်တလျက်ရှိသော ငြိမ်းချမ်းရေး၊ စည်ပင်ဝပြောရေးနှင့် စည်းလုံးညီညွတ်ရေးတို့အတွက် ဖော်ဆောင်နိုင်သည့် ဥပဒေပြု ခြင်းနှင့် အစိုးရ၏ ဆောင်ရွက်ချက်များကို စောင့်ကြည့်ထိန်းကျောင်းခြင်းအားဖြင့် နိုင်ငံသားများ၏ အကျိုးစီးပွားနှင့် မျှော်မှန်းချက်များကို ကိုယ်စားပြုမည်ဖြစ်ပါသည်။